Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ဇန်နဝါရီလကုန်ပတ်နှင့်ယခင်လကုန်ပတ်နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး(သစ်) (၆၄၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး(သစ်) (၆၅၀၀၀)ကျပ်၊ 929  (၆၁၈၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်လကုန်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး(သစ်) (၆၆၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (သစ်) (၆၆၀၀၀)ကျပ်၊ 929(သစ်) တစ်တင်းလျှင် (၆၂၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုဇန်နဝါရီလကုန်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက 929နှင့် ကုလားပဲဖြူလုံး(ကြီး/သေး) ဈေးနှုန်းများ အနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၉၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်လကုန်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၄၀၀၀) ကျပ်ရှိ၍   ယခုလကုန်ပတ်  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၅၅၀၀) ကျပ် မြင့်တက်နေကြောင်းသိရသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၆၀၀၀-၅၇၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်လကုန်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၃၅၀၀-၅၄၅၀၀) ကျပ်ရှိ၍   ယခုလကုန်ပတ်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၂၅၀၀) ကျပ် မြင့်တက်နေကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  (၅၂၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၄၄၀၀၀-၄၅၀၀၀)ကျပ် ယခင်လကုန်ပတ် ကာလတူ အချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း (၄၂၀၀၀-၄၅၅၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၅၅၀၀)ကျပ်ရှိပါသည်။ ယခုလကုန်ပတ် ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (ကြီး)/ (သေး) ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရပါသည်။

ပြောင်းဖူးစေ့(CP)၊  ပြောင်းနီ

ယခုလကုန်ပတ် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၂၂၂၀၀)ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၂၃၀၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်လကုန်ပတ် ကာလတူ အချိန်တွင် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၂၀၀၀၀)ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၂၀၇၀၀)ကျပ်ရှိ၍ ယခုလကုန်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ် ပါက ပြောင်းဖူးစေ့(စီပီ)၊ပြောင်းနီဈေး နှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News